ချစ်စရာကောင်းတဲ့ ဆင်တူဖက်ရှင်လေးနဲ့ ပွဲတက်လာခဲ့တဲ့ ခိုင်သင်းကြည်တို့ သားအမိ

0
87

နိုင်ငံကျော် မင်းသမီးချောလေး ခိုင်သင်းကြည်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားသူတစ်ဦးပါ။ ခိုင်သင်းကြည်လိုပဲ သူမရဲ့ သမီးလေး စံထိပ်ထားဦးကလဲ အမေလိုပဲ ချစ်စရာကောင်းပြီး ချောမောတာကြောင့် ပရိသတ်တွေက ချစ်ကြပါတယ်။ ညီအစ်မတွေလို ရင်းနှီးတဲ့ ခိုင်သင်းကြည်တို့ သားအမိလေး က အမြဲလိုလို ဆင်တူဝတ်စုံလေးတွေ ဝတ်ပြီး ပွဲအခမ်းအနားတွေကို တက်ရောက်လေ့ရှိပါတယ်။

အခုတစ်ခေါက်မှာလဲ ခိုင်သင်းကြည်နဲ့ သူမရဲ့ သမီးလေး စံထိပ်ထားဦးတို့က ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပတဲ့ Bella ရဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ် Gala Dinner Party ပွဲအခမ်းအနားကို တက်ရောက်ပေးခဲ့ကြပါတယ်။ ထိုပွဲလေးကို ခိုင်သင်းကြည်တို့ သားအမိတွေက ဆင်တူလေးတွေ ဝတ်ပြီး ညီအစ်မတွေလို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ အမေတူသမီးလေး စံထိပ်ထားဦး

ဘယ်အချိန်ကြည့်ကြည့် လန်းနေတဲ့ မခိုင်လေး

ပရိသတ်ကြီးလဲ အရမ်းကို လှပလွန်းနေတဲ့ ခိုင်သင်းကြည်တို့ သားအမိတွေရဲ့ ပွဲတက်ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ credit-momolay