အကယ္ဒမီက အဆင္႔မရွိဘူးလို႔ ေျပာခ်လိုက္တဲ႔ ႐ုိတ

0
90

အရင္တုန္းက ဗီဒီယုိေစ်းကြက္ေတြေကာင္းခဲ့ၿပီး ပရိသတိေတြရဲ႕ အားေပးျခင္းကုိ ရ႐ွိခဲ့သလုိ လက္တေလာအခ်ိန္မွာ သၾကၤန္သီခ်င္းအတြက္ MTV ႐ုိက္ကူးတဲ့အခါ ပြင့္နဒီေမာင္နဲ႔ ႐ုိက္ကူးၿပီး တကယ္ကုိ အၾကမ္းစားေတြေၾကာင့္ အားေပးမႈမ႐ွိသလုိ ေဝဖန္မႈလည္း ခံေနရတဲ့ ျမန္မာ့႐ုပ္႐ွင္အကယ္ဒမီေပးပြဲက အဆင့္မ႐ွိဘူးလုိ႔ အကုန္သိရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

Star Awards ပြဲတက္လာတဲ့ စိတ္ခံစားခ်က္နဲ႔ ပတ္သက္ၿပီး ႐ုိတက “စိတ္ခံစားခ်က္ကေတာ့မုိက္တယ္ ျမန္မာ့႐ုပ္႐ွင္အကယ္ဒမီနဲ႔ တစ္ျခားစီပဲ အဲ့ေတာ့ ကြၽန္ေတာ္ေျပာခ်င္တာက ျမန္မာ့႐ုပ္႐ွင္ အကယ္ဒမီလုပ္ေဆာင္တဲ့လူေတြက အရမ္းကုိ ဘယ္လုိေျပာမလဲ ညီၫြတ္မႈမ႐ွိဘူးေပါ့ေနာ္။ ဘက္လုိက္တာေတြလည္း ႐ွိေကာင္း႐ွိႏုိင္တယ္။ နည္းနည္းအဆင့္္မ႐ွိဘူးလုိ႔ ေျပာရမွာေပါ့ ဒါကေတာ့ မုိက္တယ္။”လို႔ေျပာသြားခဲ့ပါတယ္။

Star Awards ကလည္း ပရိသတ္ရဲ႕ ရေစခ်င္တာနဲ႔ ကြဲလြဲသြားတာမ်ိဳး႐ွိႏုိင္လားလုိ႔ ေမးျမန္းရာ “အနီးစပ္ဆုံးေတာ့သြားမယ္ထင္ပါတယ္။ ေဝဖန္မႈေတာ့ အနည္းငယ္ေတာ့ ႐ွိႏုိင္တယ္ ဒါေပမဲ့ ျမန္မာ့႐ုပ္႐ွင္ ထူးခြၽန္ဆုထက္ေတာ့ အမ်ားႀကီး ၁၀၀ရာခုိင္ႏႈန္းျပည့္မေျပာႏုိင္ေပမယ့္လည္း ၉၀ ရာခုိင္းႏႈန္းေလာက္ေတာ့ ပရိသတ္နဲ႔ ထပ္တူက်မယ့္ဟာေတြ ပါမယ္ထင္တယ္။ ၿပီးေတာ့ အထူးသျဖင့္က တစ္ႏုိင္ငံလုံးက ခီေမာင္ႏွံကုိ ေမွ်ာ္လင့္ထားတာဆုိေတာ့ေလ ႐ုပ္႐ွင္ေျပာင္းလဲသြားတာလဲ သူတုိ႔ႏွစ္ေယာက္ေၾကာင့္ သူတုိ႔ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ သူတုိ႔ရဲ႕ တကယ့္ၾကဳိးစားမႈအားထုတ္မႈေၾကာင့္မုိ႔လုိ႔ေပါ့ေနာ္။ အခု လူငယ္ေတြ အရမ္းေတာ္တယ္ ႏုိင္ငံတကာမွာ ပညာသင္တယ္ ေလ့လာတယ္ ကုိယ့္ႏုိင္ငံမွာအသုံးခ်တယ္ ေနာက္ မီ ဆုိရင္လည္း ပုိင္ၿဖိဳးသုတုိ႔ေပါ့ ေမွ်ာ္လင့္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Star Awards က ဆုေတြ အမ်ားႀကီး ေပးတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ေကာင္းပါတယ္ အမ်ားႀကီးေပးေတာ့လည္း အႏုပညာ႐ွင္ေတြ မ်ားမ်ား ပုိက္ဆံပုိရတာေပါ့ေနာ္ ၿပီးေတာ့ ဂုဏ္ေလး႐ွိတာေပါ့ ပြဲလုပ္တဲ့ သူကလည္း မ်ားမ်ားပံ့ပုိးေပးေတာ့လည္း အႏုပညာ႐ွင္ေတြအတြက္လည္း ပံ့ပုိးေလအားသာခ်က္႐ွိေလေပါ့ ကြၽန္ေတာ္တုိ႔ကုိလည္း အဲ့လုိေပါ့ ပံ့ပုိးတာနဲ႔ တစ္ေယာက္တည္းသြားတာနဲ႔ မတူဘူးေပါ့ေနာ္။ အခုဆုိ ဘာပဲေျပာေျပာ တစ္ႏုိင္ငံလုံးက ေစာင့္ၾကည့္ေနတယ္။ျမန္မာႏုိင္ငံမွာ လုံးဝ အျပဳိင္အဆုိင္က်ဲမယ့္ Star Awards ေပါ့ေနာ္။ အရမ္းမုိက္တယ္ ရင္လည္းခုန္တယ္။ အကယ္ဒမီပြဲေန႔တုန္းကေတာ့ ပြဲတုိက္ေနလုိ႔ သီခ်င္းဆုိတာ လက္ခံထားလုိ႔ မတက္ျဖစ္လုိက္ဘူးေပါ့ေနာ္ ဒါေပမဲ့ ဂယက္ေတြေတာ့ အမ်ားႀကီးၾကားရတယ္ ၾကားရတုိင္းကုိယ္ေတြလည္း သိေနတာပဲ လုပ္ေနတာေတြက နည္းမက်ဘူး စနစ္မက်ဘူး အမ်ားႀကီး႐ွိတယ္ ေျပာင္းလဲခ်ိန္တန္ၿပီဆုိရင္ ႐ုပ္႐ွင္အစည္းအ႐ုံးကုိ အျမန္ဆုံးေျပာင္းလဲပါလုိ႔။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အကယ်ဒမီက အဆင့်မရှိဘူးလို့ ပြောချလိုက်တဲ့ ရိုတ(Unicode)

အရင်တုန်းက ဗီဒီယိုဈေးကွက်တွေကောင်းခဲ့ပြီး ပရိသတိတွေရဲ့ အားပေးခြင်းကို ရရှိခဲ့သလို လက်တလောအချိန်မှာ သြင်္ကန်သီချင်းအတွက် MTV ရိုက်ကူးတဲ့အခါ ပွင့်နဒီမောင်နဲ့ ရိုက်ကူးပြီး တကယ်ကို အကြမ်းစားတွေကြောင့် အားပေးမှုမရှိသလို ဝေဖန်မှုလည်း ခံနေရတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲက အဆင့်မရှိဘူးလို့ အကုန်သိရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

Star Awards ပွဲတက်လာတဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ရိုတက “စိတ်ခံစားချက်ကတော့မိုက်တယ် မြန်မာ့ရုပ်ရှင်အကယ်ဒမီနဲ့ တစ်ခြားစီပဲ အဲ့တော့ ကျွန်တော်ပြောချင်တာက မြန်မာ့ရုပ်ရှင် အကယ်ဒမီလုပ်ဆောင်တဲ့လူတွေက အရမ်းကို ဘယ်လိုပြောမလဲ ညီညွတ်မှုမရှိဘူးပေါ့နော်။ ဘက်လိုက်တာတွေလည်း ရှိကောင်းရှိနိုင်တယ်။ နည်းနည်းအဆင့်မရှိဘူးလို့ ပြောရမှာပေါ့ ဒါကတော့ မိုက်တယ်။”လို့ပြောသွားခဲ့ပါတယ်။

Star Awards ကလည်း ပရိသတ်ရဲ့ ရစေချင်တာနဲ့ ကွဲလွဲသွားတာမျိုးရှိနိုင်လားလို့ မေးမြန်းရာ “အနီးစပ်ဆုံးတော့သွားမယ်ထင်ပါတယ်။ ဝေဖန်မှုတော့ အနည်းငယ်တော့ ရှိနိုင်တယ် ဒါပေမဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုထက်တော့ အများကြီး ၁၀၀ရာခိုင်နှုန်းပြည့်မပြောနိုင်ပေမယ့်လည်း ၉၀ ရာခိုင်းနှုန်းလောက်တော့ ပရိသတ်နဲ့ ထပ်တူကျမယ့်ဟာတွေ ပါမယ်ထင်တယ်။ ပြီးတော့ အထူးသဖြင့်က တစ်နိုင်ငံလုံးက ခီမောင်နှံကို မျှော်လင့်ထားတာဆိုတော့လေ ရုပ်ရှင်ပြောင်းလဲသွားတာလဲ သူတို့နှစ်ယောက်ကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် သူတို့ရဲ့ တကယ့်ကြိုးစားမှုအားထုတ်မှုကြောင့်မို့လို့ပေါ့နော်။ အခု လူငယ်တွေ အရမ်းတော်တယ် နိုင်ငံတကာမှာ ပညာသင်တယ် လေ့လာတယ် ကိုယ့်နိုင်ငံမှာအသုံးချတယ် နောက် မီ ဆိုရင်လည်း ပိုင်ဖြိုးသုတို့ပေါ့ မျှော်လင့်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Star Awards က ဆုတွေ အများကြီး ပေးတာနဲ့ ပတ်သက်ပြီးတော့လည်း “ကောင်းပါတယ် အများကြီးပေးတော့လည်း အနုပညာရှင်တွေ များများ ပိုက်ဆံပိုရတာပေါ့နော် ပြီးတော့ ဂုဏ်လေးရှိတာပေါ့ ပွဲလုပ်တဲ့ သူကလည်း များများပံ့ပိုးပေးတော့လည်း အနုပညာရှင်တွေအတွက်လည်း ပံ့ပိုးလေအားသာချက်ရှိလေပေါ့ ကျွန်တော်တို့ကိုလည်း အဲ့လိုပေါ့ ပံ့ပိုးတာနဲ့ တစ်ယောက်တည်းသွားတာနဲ့ မတူဘူးပေါ့နော်။ အခုဆို ဘာပဲပြောပြော တစ်နိုင်ငံလုံးက စောင့်ကြည့်နေတယ်။မြန်မာနိုင်ငံမှာ လုံးဝ အပြိုင်အဆိုင်ကျဲမယ့် Star Awards ပေါ့နော်။ အရမ်းမိုက်တယ် ရင်လည်းခုန်တယ်။ အကယ်ဒမီပွဲနေ့တုန်းကတော့ ပွဲတိုက်နေလို့ သီချင်းဆိုတာ လက်ခံထားလို့ မတက်ဖြစ်လိုက်ဘူးပေါ့နော် ဒါပေမဲ့ ဂယက်တွေတော့ အများကြီးကြားရတယ် ကြားရတိုင်းကိုယ်တွေလည်း သိနေတာပဲ လုပ်နေတာတွေက နည်းမကျဘူး စနစ်မကျဘူး အများကြီးရှိတယ် ပြောင်းလဲချိန်တန်ပြီဆိုရင် ရုပ်ရှင်အစည်းအရုံးကို အမြန်ဆုံးပြောင်းလဲပါလို့။”လို့ ပြောသွားခဲ့ပါတယ်။