ကိုရီးယားသူေလးကို မုဒိန္းက်င့္ဖို႔ ႀကိဳးစားတဲ့ ဆိုင္ကယ္သမားကို ဖမ္းမိပါၿပီ

0
161

ကိုရီးယားႏုိင္ငံသူအား သားမယားအျဖစ္ ျပဳက်င့္ရန္ ႀကိဳးစားသူကို ဖမ္းဆီးရမိ

ရန္ကုန္၊ ေမ ၁၃

၁.၅.၂၀၁၉ ရက္ေန႔ တြင္ ကိုရီးယားႏိုင္ငံသူ — သည္ ၎၏ မိန္းကေလးသူငယ္ခ်င္းျဖစ္သူအား ေအာင္မဂၤလာကားႀကီးကြင္းသို႔ လိုက္ပါပို႔ေဆာင္ၿပီး ၁၉၀၀ အခ်ိန္တြင္ ၎တည္းခိုသည့္ ဝိဇယဟိုတယ္သို႔ ျပန္ရန္အတြက္ ဆိုင္ကယ္ကယ္ရီသမားတစ္ဦးကို ေငြက်ပ္(၂၀၀၀ိ/-)ျဖင့္ ငွားရမ္းခဲ့ေၾကာင္း၊

ဆိုင္ကယ္ကယ္ရီ သမားက ခေရပင္လမ္းခြဲမွ တညင္းကုန္း လမ္းခြဲအဆင္း မဂၤလာဒံုၿမိဳ႕နယ္ရွိ IC-Power ဆီဆိုင္တြင္ ဓာတ္ဆီ ျဖည့္ၿပီးေနာက္ ညင္းကုန္းဘက္မွ ေရႊျပည္သာတံတား လမ္းအတိုင္း လိႈင္သာယာၿမိဳ႕နယ္ဘက္သို႔ ဆက္လက္ထြက္ခြာ သြားခဲ့ေၾကာင္း၊

သတ္မွတ္သည့္အခ်ိန္ထက္ ေက်ာ္လြန္ေနသည္ကို သိရွိသျဖင့္ ၎ေနထိုင္ ရာသို႔ ျပန္လည္ပို႔ေပးပါရန္ေျပာေသာအခါ ဆိုင္ကယ္ သမားသည္ လမ္းမႀကီးမွ လမ္းၾကားတစ္ခုအတြင္းသို႔ ေမာင္းႏွင္ ဝင္ေရာက္ခဲ့ၿပီး ဆိုင္ကယ္အားရပ္တန္႔စဥ္ ၎မွထြက္ေျပးခဲ့ေၾကာင္း၊

ဆိုင္ကယ္ကယ္ရီသမားက ၎အား ေနာက္မွဖက္၍ အဓမၼျပဳက်င့္ရန္ ႀကိဳးစားခဲ့ေၾကာင္း၊ ၎မွ ရုန္းကန္ေသာေၾကာင့္ ဆိုင္ကယ္ကယ္ရီ အမ်ိဳးသားမွ လက္သီးႏွင့္ထိုးေသာေၾကာင့္ နာက်င္ဒဏ္ရာ ရရွိခဲ့ၿပီး ေဒၚလာ ၂၀၀ တန္ ေရႊဆြဲႀကိဳး(၁)ကံုး မွာလည္း က်ေပ်ာက္ေစခဲ့ေသာေၾကာင့္ အမည္မသိ(လူျမင္လွ်င္မွတ္မိ)

ဆိုင္ကယ္ကယ္ရီသမားအေပၚ အေရး ယူေပးရန္ ခေလာက္ခ်ိဳက္ နယ္ေျမရဲစခန္းသို႔ ကိုရီးယားႏိုင္ငံသူမွ တရားလိုျပဳလုပ္ တိုင္တန္းမႈျဖစ္ပါသည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးက ျပစ္မႈက်ဴးလြန္သူအား အျမန္စံုစမ္းေဖာ္ထုတ္ ဖမ္းဆီး ရမိေရးေဆာင္ရြက္ရန္ ညႊန္ၾကားခ်က္ အရ ေတာင္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴးမွ အနီးကပ္ႀကီးၾကပ္၍ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုး၊မႈခင္းအကူ ဌာနစုမွတပ္ဖြဲ႕ဝင္မ်ား၊

ေတာင္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴးရံုး၊ မႈခင္းႏွိမ္နင္းေရးအဖြဲ႕တို႔မွ အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးျခင္း၊ အခင္းျဖစ္ပတ္ဝန္းက်င္ အား စံုစမ္းေမးျမန္းျခင္းမ်ား ေဆာင္ရြက္ၿပီး လမ္းခရီး တစ္ေလွ်ာက္ ဆက္စပ္ၿမိဳ႕နယ္ မ်ားမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ခ်ိတ္ဆက္သတင္းရယူ စံုစမ္းစမ္း ေဆာင္ရြက္ခဲ့ရာ အမႈမွျပစ္မႈက်ဴးလြန္သူ စန္းဦး (ခ)ေက်ာ္သက္ပိုင္ အား ၁၂.၅.၂၀၁၉ ရက္ေန႔ ၁၆၀၀ အခ်ိန္ တြင္ လိႈင္သာယာ ၿမိဳ႕နယ္ရွိ ၎၏ေနအိမ္အတြင္းမွ သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိပါသည္။ Zin Moe

Credit

ကိုရီးယားနိုင်ငံသူအား သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားသူကို ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁၃

၁.၅.၂၀၁၉ ရက်နေ့ တွင် ကိုရီးယားနိုင်ငံသူ — သည် ၎င်း၏ မိန်းကလေးသူငယ်ချင်းဖြစ်သူအား အောင်မင်္ဂလာကားကြီးကွင်းသို့ လိုက်ပါပို့ဆောင်ပြီး ၁၉၀၀ အချိန်တွင် ၎င်းတည်းခိုသည့် ဝိဇယဟိုတယ်သို့ ပြန်ရန်အတွက် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို ငွေကျပ်(၂၀၀၀ိ/-)ဖြင့် ငှားရမ်းခဲ့ကြောင်း၊

ဆိုင်ကယ်ကယ်ရီ သမားက ခရေပင်လမ်းခွဲမှ တညင်းကုန်း လမ်းခွဲအဆင်း မင်္ဂလာဒုံမြို့နယ်ရှိ IC-Power ဆီဆိုင်တွင် ဓာတ်ဆီ ဖြည့်ပြီးနောက် ညင်းကုန်းဘက်မှ ရွှေပြည်သာတံတား လမ်းအတိုင်း လှိုင်သာယာမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာ သွားခဲ့ကြောင်း၊

သတ်မှတ်သည့်အချိန်ထက် ကျော်လွန်နေသည်ကို သိရှိသဖြင့် ၎င်းနေထိုင် ရာသို့ ပြန်လည်ပို့ပေးပါရန်ပြောသောအခါ ဆိုင်ကယ် သမားသည် လမ်းမကြီးမှ လမ်းကြားတစ်ခုအတွင်းသို့ မောင်းနှင် ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်အားရပ်တန့်စဉ် ၎င်းမှထွက်ပြေးခဲ့ကြောင်း၊

ဆိုင်ကယ်ကယ်ရီသမားက ၎င်းအား နောက်မှဖက်၍ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း၊ ၎င်းမှ ရုန်းကန်သောကြောင့် ဆိုင်ကယ်ကယ်ရီ အမျိုးသားမှ လက်သီးနှင့်ထိုးသောကြောင့် နာကျင်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါ်လာ ၂၀၀ တန် ရွှေဆွဲကြိုး(၁)ကုံး မှာလည်း ကျပျောက်စေခဲ့သောကြောင့် အမည်မသိ(လူမြင်လျှင်မှတ်မိ)

ဆိုင်ကယ်ကယ်ရီသမားအပေါ် အရေး ယူပေးရန် ခလောက်ချိုက် နယ်မြေရဲစခန်းသို့ ကိုရီးယားနိုင်ငံသူမှ တရားလိုပြုလုပ် တိုင်တန်းမှုဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်သူအား အမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီး ရမိရေးဆောင်ရွက်ရန် ညွှန်ကြားချက် အရ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့ဝင်များ၊

တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးအဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခြင်း၊ အခင်းဖြစ်ပတ်ဝန်းကျင် အား စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက်ပြီး လမ်းခရီး တစ်လျှောက် ဆက်စပ်မြို့နယ် များမှ တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်သတင်းရယူ စုံစမ်းစမ်း ဆောင်ရွက်ခဲ့ရာ အမှုမှပြစ်မှုကျူးလွန်သူ စန်းဦး (ခ)ကျော်သက်ပိုင် အား ၁၂.၅.၂၀၁၉ ရက်နေ့ ၁၆၀၀ အချိန် တွင် လှိုင်သာယာ မြို့နယ်ရှိ ၎င်း၏နေအိမ်အတွင်းမှ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။ Zin Moe

Credit