ေန႔ခင္းေၾကာင္ေတာင္ ဆိုင္ကယ္နဲ႔လူတစ္ေယာက္က ေသနတ္နဲ႔ လိုက္ပစ္ခတ္

0
93

တာခ်ီလိတ္မွာ ဆုိင္ကယ္ေနာက္ကလုိက္စီးလာတဲ့ လူငယ္ကို ေသနတ္နဲ႔ လိုက္လံပစ္ခတ္

တာခ်ီလိတ္၊ ေမ ၁၃

တာခ်ီလိတ္ၿမိဳ႕မွာ ဆုိင္ကယ္စီးနင္းလာတဲ့ လူငယ္ႏွစ္ဦးကို အျခားဆုိင္ကယ္နဲ႔ လူတစ္ေယာက္က ေမလ ၁၃ရက္ ေန႔လည္ပိုင္းက ေသနတ္နဲ႔ လိုက္လံ ပစ္ခတ္တာေၾကာင့္ ဆုိင္ကယ္ေနာက္က လုိက္ပါစီးနင္းလာတဲ့ လူငယ္တစ္ဦး ေသနတ္ဒဏ္ရာရရွိခဲ့တယ္လုိ႔ သိရပါတယ္။

ေမလ ၁၃ရက္ေန႔လည္ပိုင္းက အသက္ (၂၁)ႏွစ္အရြယ္ ေအာင္ျပည့္ၿဖိဳးဟာ အျခား သူငယ္ခ်င္း (၃)ေယာက္နဲ႔အတူ ဆုိင္ကယ္(၂)စီးနဲ႔ ဝမ္မုိင္ဘက္ကေန ပါလ်ံဘက္ကို လာတဲ့အခ်ိန္မွာ တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္၊ ေရႊေျမသာယာေစ်း အနီးက လမ္းၾကားတစ္ခုမွာ လူတစ္ေယာက္က ေသနတ္နဲ႔ လိုက္ပစ္တာေၾကာင့္ ေသနတ္ထိမွန္ခဲ့တာလို႔ ဆုိင္ကယ္အတူစီးနင္းလာတဲ့ သူရဲ႕သူငယ္ခ်င္းတစ္ဦးက ေျပာပါတယ္။

“ကၽြန္ေတာ္တုိ႔က ဂိမ္းကူးဖုိ႔ ထြက္လာတာ။ ပထမ ေသနတ္နဲ႔ ႏွစ္ခ်က္ပစ္တယ္။ မထိလိုက္ဘူး။ အဲဒီအခ်ိန္မွာ လမ္းဆံုေရာက္လို႔ ညာဘက္ခ်ိဳးလိုက္တဲ့ အခ်ိန္မွာ ထပ္ပစ္လုိက္တာ အေနာက္ကထိုင္စီးလာတဲ့ ကၽြန္ေတာ့္သူငယ္ခ်င္းကို ေသနတ္မွန္သြားတာ” လို႔ အဲဒီသူငယ္ခ်င္းက ေျပာပါတယ္။

ပထမ ေသနတ္နဲ႔ (၂)ခ်က္ ပစ္လိုက္ခ်ိန္မွာ ေနာက္ထပ္ဆုိင္ကယ္တစ္စီးနဲ႔ အေနာက္ကေန ပါလာတဲ့ သူငယ္ခ်င္း (၂)ဦးက ေၾကာက္လန္႔ၿပီး ဆုိင္ကယ္ေမာင္းႏွင္ထြက္ေျပးသြားတယ္လုိ႔ ဆုိပါတယ္။

“ပစ္တဲ့လူက အသက္ (၃၀)ေက်ာ္ေလာက္ပဲ။ ဆုိင္ကယ္က Click ဘီးနဲ႔။ ေသနတ္သံက အက်ယ္ႀကီးပဲ။ နားေတြပါ စူးသြားတယ္။ ကၽြန္ေတာ္တုိ႔ အရင္က ရန္ၿငိဳးရန္စလည္းမရွိဘူး။ ဘာျဖစ္လုိ႔ပစ္တာလဲ မသိပါဘူး” လို႔ သူက ဆုိပါတယ္။

ေသနတ္နဲ႔ ပစ္ခံရတဲ့ ေမာင္ေအာင္ျပည့္ၿဖိဳးဟာ က်ည္ဆံ ေက်ာကုန္းကေန ေဖာက္ဝင္သြားၿပီး ဒဏ္ရာရရွိခဲ့တာေၾကာင့္ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးမွာ ေဆးကုသမႈခံယူေနရတယ္လုိ႔ သိရပါတယ္။ သူဟာ ဟိုတယ္တစ္ခုမွာ လံုျခံဳေရးဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနတာ (၃)ရက္ခန္႔ ရွိၿပီလို႔လည္း သိရပါတယ္။

ေမာင္ေအာင္ျပည့္ၿဖိဳးကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့သူကို ေမာင္ေအာင္ျပည့္ၿဖိဳးရဲ႕ အမျဖစ္သူက တရားလိုျပဳလုပ္ကာ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္ထားတယ္လုိ႔ သိရပါတယ္။

သတင္း – ေရႊႀတိဂံေဒသသတင္း

Credit

Unicode

တာချီလိတ်မှာ ဆိုင်ကယ်နောက်ကလိုက်စီးလာတဲ့ လူငယ်ကို သေနတ်နဲ့ လိုက်လံပစ်ခတ်

တာချီလိတ်၊ မေ ၁၃

တာချီလိတ်မြို့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးကို အခြားဆိုင်ကယ်နဲ့ လူတစ်ယောက်က မေလ ၁၃ရက် နေ့လည်ပိုင်းက သေနတ်နဲ့ လိုက်လံ ပစ်ခတ်တာကြောင့် ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းလာတဲ့ လူငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၃ရက်နေ့လည်ပိုင်းက အသက် (၂၁)နှစ်အရွယ် အောင်ပြည့်ဖြိုးဟာ အခြား သူငယ်ချင်း (၃)ယောက်နဲ့အတူ ဆိုင်ကယ်(၂)စီးနဲ့ ဝမ်မိုင်ဘက်ကနေ ပါလျံဘက်ကို လာတဲ့အချိန်မှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာစျေး အနီးက လမ်းကြားတစ်ခုမှာ လူတစ်ယောက်က သေနတ်နဲ့ လိုက်ပစ်တာကြောင့် သေနတ်ထိမှန်ခဲ့တာလို့ ဆိုင်ကယ်အတူစီးနင်းလာတဲ့ သူရဲ့သူငယ်ချင်းတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က ဂိမ်းကူးဖို့ ထွက်လာတာ။ ပထမ သေနတ်နဲ့ နှစ်ချက်ပစ်တယ်။ မထိလိုက်ဘူး။ အဲဒီအချိန်မှာ လမ်းဆုံရောက်လို့ ညာဘက်ချိုးလိုက်တဲ့ အချိန်မှာ ထပ်ပစ်လိုက်တာ အနောက်ကထိုင်စီးလာတဲ့ ကျွန်တော့်သူငယ်ချင်းကို သေနတ်မှန်သွားတာ” လို့ အဲဒီသူငယ်ချင်းက ပြောပါတယ်။

ပထမ သေနတ်နဲ့ (၂)ချက် ပစ်လိုက်ချိန်မှာ နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ အနောက်ကနေ ပါလာတဲ့ သူငယ်ချင်း (၂)ဦးက ကြောက်လန့်ပြီး ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“ပစ်တဲ့လူက အသက် (၃၀)ကျော်လောက်ပဲ။ ဆိုင်ကယ်က Click ဘီးနဲ့။ သေနတ်သံက အကျယ်ကြီးပဲ။ နားတွေပါ စူးသွားတယ်။ ကျွန်တော်တို့ အရင်က ရန်ငြိုးရန်စလည်းမရှိဘူး။ ဘာဖြစ်လို့ပစ်တာလဲ မသိပါဘူး” လို့ သူက ဆိုပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့ မောင်အောင်ပြည့်ဖြိုးဟာ ကျည်ဆံ ကျောကုန်းကနေ ဖောက်ဝင်သွားပြီး ဒဏ်ရာရရှိခဲ့တာကြောင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ သူဟာ ဟိုတယ်တစ်ခုမှာ လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာ (၃)ရက်ခန့် ရှိပြီလို့လည်း သိရပါတယ်။

မောင်အောင်ပြည့်ဖြိုးကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူကို မောင်အောင်ပြည့်ဖြိုးရဲ့ အမဖြစ်သူက တရားလိုပြုလုပ်ကာ တာချီလိတ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း – ရွှေတြိဂံဒေသသတင်း

Credit