အားသွင်းထားတဲ့ဖုန်းကို ဆော့တာ ဖုန်းပေါက်ကွဲပြီး မျက်နာကိုမှန်တာ မျက်နာမှာလဲ မှန်စတွေနဲ့ မျက်လုံးတစ်လုံးကလဲ အလင်းမမြင်ရတော့ဘူး
0
108
Credit
(Unicode Version)
ဒီသားလေးက အသက် ၈ နှစ်ပဲရှိသေးတယ်။ အားသွင်းထားတဲ့ဖုန်းကို ဖုန်းပွတ်ဆော့တာနဲ့ ဖုန်းပေါက်ကွဲပြီး မျက်နာကိုမှန်တာ မျက်နာမှာလဲ မှန်စတွေနဲ့ မျက်လုံးတစ်လုံးကလဲ အလင်းမမြင်ရတော့ဘူး။
မနေ့ကမုံရွာဆေးရုံရောက်လာတယ် မန္တလေး သွားရမှာဆိုတော့ ဆေးရုံကနေဆင်းပြေးပြီး အိမ်က ဝက်တို့ ဘာတို့ညာတို့ သွားရောင်းတာ ငွေကလဲ သိပ်အဆင်မပြေသေးဘူးတဲ့။ မျက်စိက အရေးကြီးနေတာမို့ ဒီသားလေးဆေးကုဖို့အတွက်နည်းများမဆို လှူပေးကြပါအုံး ရပ်ဝေးရပ်နီးက မိတ်ဆွေများခဗျာ။
မိမိတို့တတ်နိုင်လေးလေးပေါ့ဗျာ။ ငါးရာငွေ တစ်ထောင်ငွေဖြစ်ဖြစ်ပေါ့ဗျာ။ သူတို့အခက်ခဲလေးကိုကူညီပေးကြပါ။ ရတဲ့ငွေလေးနဲ့ပဲမနက်ဖြန် မန္တလေး ကိုသွားရမှာမို့ပါ။ ကလေးမိဘတွေသတိထားပေးကြပါ။
တကယ်ကိုဖုန်းပေါက်ကွဲတာပါ မျက်နာလဲစုပ်ပြတ်သွားတယ်။ ဇာတိက ပဲပြစ်တောအရှေ့ရွာဘုတလင်မြို့နယ်ကပါ။ အထူးဂရုစိုက်ကြပါ။
ကိုမွန်မြတ် (09793035326)
Credit