အလုပ္သြားခါနီး Vape ေသာက္ရင္း သြား(၇) ေခ်ာင္းစလံုး က်ိဳးတဲ့အထိ ျဖစ္ခဲ့ရတဲ့ အမ်ိဳးသား

0
28654

အခုေခတ္မွာVapeေသာက္တာဟာေတာ္ေတာ္ေလးေခတ္စားလာပါတယ္။ေဆးလိပ္ျဖတ္ခ်င္တဲ့သူေတြအတြက္ျဖတ္ရလြယ္ေအာင္vapeေတြကိုအစားထိုးေသာက္ရာကေနတြင္က်ယ္လာတာျဖစ္ပါတယ္။Vapeေသာက္ရင္းထြက္လာတဲ့အေငြ႔ေတြကို လိုသလိုပံုေဖာ္ႏိုင္တဲ့အျပင္ vape အရည္အမ်ိဳးမ်ိဳးနဲ႔ vape pen တို႔ကိုအလြယ္တကူ၀ယ္ယူလို႔ရတာေၾကာင့္လည္း ပါပါမယ္။ဒါေပမယ့္လွ်ပ္စစ္ကိရိယာတစ္ခုကိုမ်က္ႏွာနားနီးနီးကပ္ကပ္ထားၿပီးသံုးတာကအႏၱရာယ္ရွိတဲ့အေၾကာင္းကိုေအာက္က ျဖစ္ရပ္မွာ ေတြ႔ရမွာပါ။

အေမရိကန္အိုင္ဒါဟိုျပည္နယ္ကအန္ဒရူးေဟာလ္ဆိုသူဟာအလုပ္သြားခါနီးvapepenကိုအသံုးျပဳေနရာကေနမေမွ်ာ္လင့္ပဲေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။မ်က္ႏွာေရွ႕တည့္တည့္မွာေပါက္ကြဲခဲ့တာေၾကာင့္penရဲ႕အစအနေတြဟာပါးစပ္ထဲ၀င္ေရာက္သြားၿပီး သြား(၇) ေခ်ာင္းက်ိဳးခဲ့ပါတယ္။ဒါ့အျပင္အန္ဒရူးရဲ႕လည္ပင္းနဲ႔မ်က္ႏွာေတြမွာလည္းမီးေလာင္ေပါက္ျပဲဒဏ္ရာေတြနဲ႔ ျဖစ္ခဲ့ရပါတယ္။

အန္ဒရူးနဲ႔ အင္တာဗ်ဴးရာမွာ“ကြ်န္ေတာ္vapeသံုးေနတာတစ္ႏွစ္ေလာက္ရွိၿပီ။ကြ်န္ေတာ့္vapepenကိုေသခ်ာတပ္ဆင္ၿပီးမွ ေသာက္တာ။ ဘက္ထရီလည္း ထည့္ထားတာ ေနရာမွန္ပဲ။ ကြ်န္ေတာ္ ဆိုင္ကေန စ၀ယ္ကတည္းကလည္း ပစၥည္းေတြကို ေသခ်ာစစ္ေဆးၿပီးမွ ၀ယ္တာပါ။ ဒါေပမယ့္ မ်က္ႏွာတည့္တည့္ကို ထေပါက္တာပဲ။” လို႔ ဆိုခဲ့ပါတယ္။

Vapepenေတြဟာအရင္တုန္းကလည္းေပါက္ကြဲခဲ့ပါေသးတယ္။ၿပီးခဲ့တဲ့(၂၀၁၆)ခုႏွစ္တုန္းကလည္းကန္တက္ကီျပည္နယ္မွအမ်ိဳးသားတစ္ဦးဟာVapepenကိုအိတ္ကပ္ထဲထည့္ထားရာကေနေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေျခေထာက္မွာမီးေလာင္ဒဏ္ရာေတြရခဲ့ပါတယ္။တကၠဆက္ျပည္နယ္ေနအမ်ိဳးသားတစ္ဦးကလည္းအလားတူအျဖစ္မ်ိဳးျဖစ္ပြားခဲ့တာေၾကာင့္vapeshop ကို တရားစြဲခဲ့ပါေသးတယ္။

နယူးေယာက္ကအမ်ိဳးသားကေတာ့ေသာက္ေနရင္းေပါက္ကြဲတာေၾကာင့္လ်ာႏွစ္ျခမ္းကြဲသြားခဲ့ပါတယ္။ဒါတင္မကေသးပါဘူး။ (၂၀၁၅) ခုႏွစ္တုန္းကလည္း ေက်ာင္းသားတစ္ဦးဟာ vapeေပါက္ကြဲဒဏ္ေၾကာင့္လည္ပင္းနဲ႔မ်က္ႏွာနားကအရိုးေတြ က်ိဳးသြားခဲ့ပါတယ္။ဒါေၾကာင့္ေဆးလိပ္အစားထိုးအျဖစ္vapeေသာက္သံုးေနသူေတြအဖို႔မ၀ယ္မျဖစ္vapepen၀ယ္မယ္ဆိုရင္ေတာင္ စိတ္ခ်ရတဲ့ဆိုင္ေတြကသာ ၀ယ္ယူသင့္ေၾကာင္း ဆင္ျခင္စရာအျဖစ္ တင္ျပလိုက္ရပါတယ္။

Ref: elitereaders

Unicode

အခုခေတ်မှာVapeသောက်တာဟာတော်တော်လေးခေတ်စားလာပါတယ်။ဆေးလိပ်ဖြတ်ချင်တဲ့သူတွေအတွက်ဖြတ်ရလွယ်အောင် vape တွေကို အစားထိုးသောက်ရာကနေ တွင်ကျယ်လာတာဖြစ်ပါတယ်။ Vape သောက်ရင်း ထွက်လာတဲ့ အငွေ့တွေကိုလိုသလိုပုံဖော်နိုင်တဲ့အပြင်vapeအရည်အမျိုးမျိုးနဲ့vapepenတို့ကိုအလွယ်တကူဝယ်ယူလို့ရတာကြောင့်လည်းပါပါမယ်။ဒါပေမယ့်လျှပ်စစ်ကိရိယာတစ်ခုကိုမျက်နှာနားနီးနီးကပ်ကပ်ထားပြီးသုံးတာကအန္တရာယ်ရှိတဲ့အကြောင်းကို အောက်က ဖြစ်ရပ်မှာ တွေ့ရမှာပါ။

အမေရိကန်အိုင်ဒါဟိုပြည်နယ်ကအန်ဒရူးဟောလ်ဆိုသူဟာအလုပ်သွားခါနီးvapepenကိုအသုံးပြုနေရာကနေမမျှော်လင့်ပဲပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။မျက်နှာရှေ့တည့်တည့်မှာပေါက်ကွဲခဲ့တာကြောင့်penရဲ့အစအနတွေဟာပါးစပ်ထဲဝင်ရောက်သွားပြီးသွား(၇)ချောင်းကျိုးခဲ့ပါတယ်။ဒါ့အပြင်အန်ဒရူးရဲ့လည်ပင်းနဲ့မျက်နှာတွေမှာလည်းမီးလောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ ဖြစ်ခဲ့ရပါတယ်။

အန်ဒရူးနဲ့အင်တာဗျူးရာမှာ“ကျွန်တော်vapeသုံးနေတာတစ်နှစ်လောက်ရှိပြီ။ကျွန်တော့်vapepenကိုသေချာတပ်ဆင်ပြီးမှ သောက်တာ။ ဘက်ထရီလည်း ထည့်ထားတာ နေရာမှန်ပဲ။ ကျွန်တော် ဆိုင်ကနေ စဝယ်ကတည်းကလည်း ပစ္စည်းတွေကို သေချာစစ်ဆေးပြီးမှ ဝယ်တာပါ။ ဒါပေမယ့် မျက်နှာတည့်တည့်ကို ထပေါက်တာပဲ။”လို့ဆိုခဲ့ပါတယ်။

Vapepenတွေဟာအရင်တုန်းကလည်းပေါက်ကွဲခဲ့ပါသေးတယ်။ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်တုန်းကလည်းကန်တက်ကီပြည်နယ်မှ အမျိုးသားတစ်ဦးဟာ Vape pen ကို အိတ်ကပ်ထဲ ထည့်ထားရာကနေပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးခြေထောက်မှာ မီးလောင်ဒဏ်ရာတွေရခဲ့ပါတယ်။တက္ကဆက်ပြည်နယ်နေအမျိုးသားတစ်ဦးကလည်းအလားတူအဖြစ်မျိုးဖြစ်ပွားခဲ့တာကြောင့် vape shop ကို တရားစွဲခဲ့ပါသေးတယ်။

နယူးယောက်ကအမျိုးသားကတော့သောက်နေရင်းပေါက်ကွဲတာကြောင့်လျာနှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။ (၂၀၁၅) ခုနှစ်တုန်းကလည်း ကျောင်းသားတစ်ဦးဟာvapeပေါက်ကွဲဒဏ်ကြောင့်လည်ပင်းနဲ့မျက်နှာနားက အရိုးတွေ ကျိုးသွားခဲ့ပါတယ်။ ဒါကြောင့် ဆေးလိပ်အစားထိုးအဖြစ် vapeသောက်သုံးနေသူတွေအဖို့မဝယ်မဖြစ်vapepen ဝယ်မယ်ဆိုရင်တောင် စိတ်ချရတဲ့ဆိုင်တွေကသာ ဝယ်ယူသင့်ကြောင်း ဆင်ခြင်စရာအဖြစ် တင်ပြလိုက်ရပါတယ်။

Ref: elitereaders

Unicode