ထီေပါက္တဲ့ထီလက္မွတ္ကို ခိုးယူခဲ့လို႔အဖမ္းခံခဲ့ရတဲ့ အတူေနသူငယ္ခ်င္း

0
170

အတူေနအခန္းေ္ဖာ္ဟာ မီလီယံခ်ီတဲ့ ထီေပါက္ေနေၾကာင္းသိေနၿပီး ထီလက္မွတ္ခိုးယူတဲ့ အမႈတစ္ခု (၂၀၁၉)ခုႏွစ္ ဇန္န၀ါရီလအတြင္း အေမရိကန္ႏိုင္ငံမွာ ျဖစ္ပြားခဲ့ပါတယ္။အသက္ (၃၅) ႏွစ္အရြယ္ Adul Saosongyang ဟာ အျခားလူေတြနဲ႔ တိုက္ခန္းတစ္ခန္းထဲ ငွားရမ္းခကို ခြဲေဝပးကာ အျခားလူမ်ားနဲ႔အတူတူ ကယ္လီဖိုးနီးယားမွာ ေနထိုင္ပါတယ္။ Adul ဟာ သူ႕ရဲ႕အခန္းေဖာ္ထဲကတစ္ေယာက္မွာ ယခင္လက ေပါက္ခဲ့တဲ့ (၁၀) မီလီယံေဒၚလာတန္ ထီလက္မွတ္တစ္စံု ရွိတယ္ဆိုတာ သိေနခဲ့ပါတယ္။

မနာလိုတဲ့အတြက္ေၾကာင့္လို႔ ေခါင္းစဥ္တပ္ကာ ထိုထီလက္မွတ္ကို ထီလက္မွတ္ပို္င္ရွင္အိပ္ေနတုန္း မသိေအာင္ ခိုးယူခဲ့ပါတယ္။ ထီလက္မွတ္ခိုးယူမႈနဲ႔ပဲ Vacaville, California မွာ အဖမ္းခံရကာ Sacramento County ေထာင္သို႔ေခၚေဆာင္သြားခဲ့ပါတယ္။

ထီလက္မွတ္ပိုင္ရွင္ဟာ Peabody လမ္းမွာရွိတဲ့ Lucky အမည္ရွိ ကုန္ေျခာက္ဆိုင္မွာ ထီထိုးခဲ့တာပဲျဖစ္ပါတယ္။ အားလပ္ရက္ေတြအတြက္ အပိုေငြေလးမ်ားရမလားဆိုၿပီး ထီေပါက္မေပါက္ အဲဒီကုန္ေျခာက္ဆိုင္ကိုပဲသြားေရာက္ေမးျမန္းခဲ့ရာ ထီေတာင္မွ (၁၀) မီလီယံေဒၚလာတန္တဲ့ ထီလက္မွတ္ကို ပိုင္ဆိုင္ထားေၾကာင္း ကာယကံရွင္မွ အံ့ၾသႀကီးစြာသိခဲ့ရပါတယ္။

ဒီလိုနဲ႔ေနာက္တစ္ေန႔နံနက္က်ေတာ့ ရွိေနတဲ့ ထီလက္မွတ္နဲ႔ Sacramento ထီရံုးသို႔သြားထုတ္ခဲ့ရာ ထီရံုးမွ ထီလက္မွတ္သည္ အစစ္မဟုတ္ဘဲ အတုျဖစ္ေနေၾကာင္းေျပာခဲ့ပါတယ္။ ဒါဟာလိမ္လည္မႈျဖစ္တဲ့အတြက္ ထီေပါက္တဲ့ ကာယံရွင္ေတာင္ အမႈပတ္ေတာ့မလို ျဖစ္ခဲ့ပါတယ္။ သုိ႕ေပမယ့္ ေသခ်ာျပန္စဥ္းစားၾကည့္ရာ အတူေနအခန္းေဖာ္ထဲမွ တစ္ေယာက္ျဖစ္ႏိုင္ေၾကာင္း သတိထားမိၿပီး ရဲသို႔တိုင္ၾကားခဲ့ပါတယ္။

ရဲဌာနမွ လက္မွတ္ဝယ္တဲ့ေနရာႏွင့္အခိ်န္တို႔ကို မွတ္တမ္းတင္ထားခဲ့တဲ့ Lucky ကုန္ေျခာက္ဆိုင္မွ CCTV မွတ္တမ္းမ်ားကို ျပန္လည္ၾကည့္ရႈတဲ့အခါမွာေတာ့ ထီလက္မွတ္ပိုင္ရွင္ဟာ Adul Saosongyang မဟုတ္ဘဲ အမည္မေဖာ္လိုသူ ကာယကံရွင္ျဖစ္ေၾကာင္းသိခဲ့ရပါတယ္။တရားခံ Adul Saosongyang ကိုတာ့ မၾကာခင္မွာ ရံုးတင္စစ္ေဆးမွာပဲျဖစ္ပါတယ္။

Source: Mirror

Unicode

အတူနေအခန်းေ်ဖာ်ဟာ မီလီယံချီတဲ့ ထီပေါက်နေကြောင်းသိနေပြီး ထီလက်မှတ်ခိုးယူတဲ့ အမှုတစ်ခု (၂၀၁၉)ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။အသက် (၃၅) နှစ်အရွယ် Adul Saosongyang ဟာ အခြားလူတွေနဲ့ တိုက်ခန်းတစ်ခန်းထဲ ငှားရမ်းခကို ခွဲဝေပးကာ အခြားလူများနဲ့အတူတူ ကယ်လီဖိုးနီးယားမှာ နေထိုင်ပါတယ်။ Adul ဟာ သူ့ရဲ့အခန်းဖော်ထဲကတစ်ယောက်မှာ ယခင်လက ပေါက်ခဲ့တဲ့ (၁၀) မီလီယံဒေါ်လာတန် ထီလက်မှတ်တစ်စုံ ရှိတယ်ဆိုတာ သိနေခဲ့ပါတယ်။

မနာလိုတဲ့အတွက်ကြောင့်လို့ ခေါင်းစဉ်တပ်ကာ ထိုထီလက်မှတ်ကို ထီလက်မှတ်ပိုင်ရှင်အိပ်နေတုန်း မသိအောင် ခိုးယူခဲ့ပါတယ်။ ထီလက်မှတ်ခိုးယူမှုနဲ့ပဲ Vacaville, California မှာ အဖမ်းခံရကာ Sacramento County ထောင်သို့ခေါ်ဆောင်သွားခဲ့ပါတယ်။

ထီလက်မှတ်ပိုင်ရှင်ဟာ Peabody လမ်းမှာရှိတဲ့ Lucky အမည်ရှိ ကုန်ခြောက်ဆိုင်မှာ ထီထိုးခဲ့တာပဲဖြစ်ပါတယ်။ အားလပ်ရက်တွေအတွက် အပိုငွေလေးများရမလားဆိုပြီး ထီပေါက်မပေါက် အဲဒီကုန်ခြောက်ဆိုင်ကိုပဲသွားရောက်မေးမြန်းခဲ့ရာ ထီတောင်မှ (၁၀) မီလီယံဒေါ်လာတန်တဲ့ ထီလက်မှတ်ကို ပိုင်ဆိုင်ထားကြောင်း ကာယကံရှင်မှ အံ့သြကြီးစွာသိခဲ့ရပါတယ်။

ဒီလိုနဲ့နောက်တစ်နေ့နံနက်ကျတော့ ရှိနေတဲ့ ထီလက်မှတ်နဲ့ Sacramento ထီရုံးသို့သွားထုတ်ခဲ့ရာ ထီရုံးမှ ထီလက်မှတ်သည် အစစ်မဟုတ်ဘဲ အတုဖြစ်နေကြောင်းပြောခဲ့ပါတယ်။ ဒါဟာလိမ်လည်မှုဖြစ်တဲ့အတွက် ထီပေါက်တဲ့ ကာယံရှင်တောင် အမှုပတ်တော့မလို ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်ရာ အတူနေအခန်းဖော်ထဲမှ တစ်ယောက်ဖြစ်နိုင်ကြောင်း သတိထားမိပြီး ရဲသို့တိုင်ကြားခဲ့ပါတယ်။

ရဲဌာနမှ လက်မှတ်ဝယ်တဲ့နေရာနှင့်အချိန်တို့ကို မှတ်တမ်းတင်ထားခဲ့တဲ့ Lucky ကုန်ခြောက်ဆိုင်မှ CCTV မှတ်တမ်းများကို ပြန်လည်ကြည့်ရှုတဲ့အခါမှာတော့ ထီလက်မှတ်ပိုင်ရှင်ဟာ Adul Saosongyang မဟုတ်ဘဲ အမည်မဖော်လိုသူ ကာယကံရှင်ဖြစ်ကြောင်းသိခဲ့ရပါတယ်။တရားခံ Adul Saosongyang ကိုတာ့ မကြာခင်မှာ ရုံးတင်စစ်ဆေးမှာပဲဖြစ်ပါတယ်။

Source: Mirror