Swal Sone News

Knowledge is Better

ဗီရာကို အနိုင္ယူဖို့ သူ ့ရဲ ့အားသာခ်က္ေတြကို ေျပာၾကားခဲ့တဲ့ ေအာင္လအန္ဆန္

One Championship ဝိတ္တန္းနွစ္ခု ခ်န္ပီယံေတြျဖစ္ၾကတဲ့ ေအာင္လအန္ဆန္ နဲ့ ဘရန္ဒန္ ဗီရာ တို့ဟာ Light Heavy Weight ခ်န္ပီယံဆုအတြက္ လာမည့္ ေအာက္တိုဘာလမွာ ထိုးသတ္သြားေတာ့မွာ ျဖစ္ပါတယ္။ ျမန္မာ ဂုဏ္ေဆာင္ ေအာင္လအန္ဆန္ကေတာ့ အဆိုပါပြဲအတြက္ အဆင့္သင့္ျဖစ္ေနၿပီး သူရဲ့ အားသာခ်က္ေတြကို ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

“ ကြ်န္ေတာ့ ဗီရာနဲ့ ထိုးသတ္ရေတာ့မွာမို့ အရမ္းစိတ္လွဳပ္ရွားမိပါတယ္။ သူဟာ ကြ်န္ေတာ့္ထက္ ဝိတ္တန္းပိုၾကီး ၊ အရပ္ပိုျမင့္တဲ့ ကစားသမား တစ္ဦးျဖစ္ပါတယ္။ ကြ်န္ေတာ့ ထရိန္နာေတြက သူထက္ ဝိတ္တန္းပိုၾကီးသလို အရပ္လည္း ပိုျမင့္ပါတယ္။ ဒါေၾကာင့္ သူနဲ့ထိုးသတ္ဖို့အတြက္ ျပသာနာမရွိပါဘူး ။ ကြ်န္ေတာ့ဟာ မနွစ္ကတစ္နွစ္အတြင္း ထိုးသတ္ခဲ့တဲ့ ပြဲအေရအတြက္က ဗီရာရဲ ့လြန္ခဲ့တဲ့ ၃ နွစ္က ထိုးသတ္ခဲ့တဲ့ ပြဲထက္ ပိုမ်ားပါတယ္။ ဒါေတြက ကြ်န္ေတာ့ အားသာခ်က္ပါ ” လို့ ေအာင္လအန္ဆန္က ေျပာၾကားခဲ့ပါတယ္။

ဘရန္ဒန္ ဗီရာဟာ ေအာင္လအန္ဆန္နဲ့ ထိုးသတ္ဖို့အတြက္ ကိုယ္အေလးခ်ိန္ ဝိတ္ခ်မွဳေတြျပဳလုပ္ေနရၿပီး ေအာင္လအန္ဆန္လို ဖိုင္တာေကာင္းတစ္ေယာက္နဲ့ ထိုးသတ္ရေတာ့မယ့္အတြက္ ဂုဏ္ယူေနပါတယ္။ ေနာက္ သူအသက္အရြယ္နဲ့ ကမာၻ ့အေကာင္းဆံုး ဖိုက္တာေတြကို အနိုင္ယူျပခ်င္ေနပါတယ္။

အသက္ ၄၁ ဘရန္ဒန္ ဗီရာဟာ ျပီးခဲ့တဲ့ မတ္လ ၃၁ ရက္ေန႔က ေအာင္လအန္ဆန္က ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕မွာ “ကန္ဟာဆီဂါဝါ” ကို အနိုင္ယူခဲ့ၿပီးေနာက္ ေလွာင္အိမ္ထဲ့မွာ ေအာင္ပြဲခံေနစဥ္ ဟဲဗီးဝိတ္ခ်ံပီယံ “ ဘရန္ဒန္ ဗီရာ” က ေလွာင္အိမ္ထဲ ဝင္လာၿပီး “ေအာင္လအန္ဆန္” ကို လုိက္ဖ္ ဟဲဗီးဝိတ္တန္းကို ထိုးသတ္ဖို့အတြက္ တေလးတစားနဲ႔ စိန္ေခၚသြားခဲ့ပါတယ္။

အသက္ ၃၃ နွစ္အရြယ္ ေအာင္လအန္ဆန္ကလည္း ဘရန္ဒန္ ဗီရာ၏ စိန္ေခၚမွဳကို တံု့ဆိုင္းေနျခင္းမရွိဘဲ လက္ခံခဲ့ပါတယ္။ ျမန္မာ့စပါးအံုး ေအာင္လအန္ဆန္နွင့္ ဟဲဗီးဝိတ္ခ်ံပီယံ ဘရန္ဒန္ ဗီရာတို့ ထိုးသတ္မယ့္ ပြဲၾကီးကို လာမည့္ ေအာက္တုိဘာလ (၁၃) ရက္ေန့ ဂ်ပန္နိင္ငံမွာ ထိုးသတ္သြားမွာ ျဖစ္ပါတယ္။

Unicode

One Championship ဝိတ်တန်းနှစ်ခု ချန်ပီယံတွေဖြစ်ကြတဲ့ အောင်လအန်ဆန် နဲ့ ဘရန်ဒန် ဗီရာ တို့ဟာ Light Heavy Weight ချန်ပီယံဆုအတွက် လာမည့် အောက်တိုဘာလမှာ ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။ မြန်မာ ဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ အဆိုပါပွဲအတွက် အဆင့်သင့်ဖြစ်နေပြီး သူရဲ့ အားသာချက်တွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော့ ဗီရာနဲ့ ထိုးသတ်ရတော့မှာမို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ သူဟာ ကျွန်တော့်ထက် ဝိတ်တန်းပိုကြီး ၊ အရပ်ပိုမြင့်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ကျွန်တော့ ထရိန်နာတွေက သူထက် ဝိတ်တန်းပိုကြီးသလို အရပ်လည်း ပိုမြင့်ပါတယ်။ ဒါကြောင့် သူနဲ့ထိုးသတ်ဖို့အတွက် ပြသာနာမရှိပါဘူး ။ ကျွန်တော့ဟာ မနှစ်ကတစ်နှစ်အတွင်း ထိုးသတ်ခဲ့တဲ့ ပွဲအရေအတွက်က ဗီရာရဲ့လွန်ခဲ့တဲ့ ၃ နှစ်က ထိုးသတ်ခဲ့တဲ့ ပွဲထက် ပိုများပါတယ်။ ဒါတွေက ကျွန်တော့ အားသာချက်ပါ ” လို့ အောင်လအန်ဆန်က ပြောကြားခဲ့ပါတယ်။

ဘရန်ဒန် ဗီရာဟာ အောင်လအန်ဆန်နဲ့ ထိုးသတ်ဖို့အတွက် ကိုယ်အလေးချိန် ဝိတ်ချမှုတွေပြုလုပ်နေရပြီး အောင်လအန်ဆန်လို ဖိုင်တာကောင်းတစ်ယောက်နဲ့ ထိုးသတ်ရတော့မယ့်အတွက် ဂုဏ်ယူနေပါတယ်။ နောက် သူအသက်အရွယ်နဲ့ ကမ္ဘာ့အကောင်းဆုံး ဖိုက်တာတွေကို အနိုင်ယူပြချင်နေပါတယ်။

အသက် ၄၁ ဘရန်ဒန် ဗီရာဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က အောင်လအန်ဆန်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ “ကန်ဟာဆီဂါဝါ” ကို အနိုင်ယူခဲ့ပြီးနောက် လှောင်အိမ်ထဲ့မှာ အောင်ပွဲခံနေစဉ် ဟဲဗီးဝိတ်ချံပီယံ “ ဘရန်ဒန် ဗီရာ” က လှောင်အိမ်ထဲ ဝင်လာပြီး “အောင်လအန်ဆန်” ကို လိုက်ဖ် ဟဲဗီးဝိတ်တန်းကို ထိုးသတ်ဖို့အတွက် တလေးတစားနဲ့ စိန်ခေါ်သွားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်ကလည်း ဘရန်ဒန် ဗီရာ၏ စိန်ခေါ်မှုကို တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ခံခဲ့ပါတယ်။ မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ဟဲဗီးဝိတ်ချံပီယံ ဘရန်ဒန် ဗီရာတို့ ထိုးသတ်မယ့် ပွဲကြီးကို လာမည့် အောက်တိုဘာလ (၁၃) ရက်နေ့ ဂျပန်နိင်ငံမှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *