နေတိုးနဲ့ တကယ်နှုတ်ခမ်းချင်းနမ်းဖြစ်ခဲ့လားဆိုတာ ပြောပြတဲ့ လွင်မို

0
2571

တစ်ချိန်တုန်းက အောင်မြင်ကျော်ကြားခဲ့ပြီး အချစ် အလွမ်း ဟာသ ပေါင်းစုံရဲ့ခဲ့တဲ့ နိုင်ငံကျော်အကယ်ဒမီ မင်းသားလွင်မိုးကတော့ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ စတင်ရုံတင်ပြသတော့မယ့် တာတူး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားထဲက ဇာတ်ဝင်ခန်းအချို့က ပုံတွေဟာ Facebook မှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ ဟာသအဖြစ်ပြောမှုတွေလည်း ရှိခဲ့ပါတယ်။

မီဒီယာတွေရဲ့ အင်တာဗျူးမှာတော့ ပရိသတ်တွေ ပြောနေကြတဲ့ ပုံရဲ့နောက်ကွယ်က အကြောင်းကို ပြောပြသွားခဲ့ပါတယ်။ တာတူး ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး လွင်မိုးက “ဒီကားလေးကတော့ ဒါရိုက်တာ ကျော်ဇောလင်းက ကျွန်တော်ထင်တယ် သူပရိုဂျူဆာကိုတောင် မပြောရသေးဘူးထင်တယ်။ ကျွန်တော်နဲ့ ခရီးစဉ်တစ်ခုမှာ တွေ့တော့ ပြောပြတယ်။

သူဒါလေးလုပ်ချင်တယ်တဲ့ ကိုလွင်မိုးနဲ့လည်းလိုက်တယ် နေတိုးနဲ့လည်း လိုက်တယ်တဲ့ ဒီဇာတ်လေးကို သူရိုက်ချင်တယ်ဆိုတော့ ရပါတယ်လို့ အဲ့တာဆိုရင် ကိုယ်လည်း အားတဲ့ အချိန်လေးနဲ့ သရုပ်ဆောင်တွေ အားတဲ့အချိန်တွေနဲ့ ညှိပြီးတော့ လုပ်ကြတာပေါ့လို့ ပြောပြီးတော့ ရိုက်ဖြစ်သွားတာ။

ကျွန်တော်တို့ကကျတော့ ဒီရုပ်ရှင်ရိုက်ရတာကတော့ ဒါရိုက်တာက သူ့ရဲ့ လုပ်ချင်တဲ့ အတိုင်းအတာတွေ ဇာတ်လမ်းမှာ လာတဲ့ ပလော့လေးတွေ အဲ့တာလေးတွေကို တိုင်ပင်ဆွေးနွေးပြီးတော့ ရိုက်ကြတာပေါ့။ ဒီကားကို သူစပြောကတည်းက ကျွန်တော်ပြောပါတယ် ကောင်းတယ်လို့။

ကောင်းတယ်ဆိုတာ လုပ်ခွင့်အနေအထားလေးလည်းရှိတယ် ထူးခြားမှုလည်း ရှိတဲ့အတွက် ကျွန်တော်ကောင်းတယ်လို့ ပြောပါတယ်။ ရိုက်မယ်လို့ဆိုပြီး လက်ခံပါတယ်။ “လို့ ပြောသွားခဲ့ပါတယ်။ ဒီကားမှာ ပါဝင်တဲ့ကာရိုက်တာနဲ့ ပတ်သက်ပြီး “သက်မွန်မြင့်ရဲ့ အစ်ကိုပေါ့ နေတိုးရဲ့ ယောက်ဖပေါ့။

နေတိုးက ရေနစ်တယ်ဆိုတော့ သွားကူတာပေါ့ ကိုယ်ကလည်း ဘဲဘဲချင်းပေါ့နော် သူကတော့ မဟုတ်တော့ဘူးပေါ့နော် အဲ့အချိန်မှာ ကျွန်တော်လည်း နောက်ပါတယ်။ ငါတကယ် Mouth to Mouth လုပ်မှာနော်လို့။ ဒါက ရိုက်ကွင်းမှာ ဟာသလေးပါ။ ပြီးတော့ ဒီမိန်းကလေးလို ပြင်တာက ၁နာရီခွဲ၂နာရီလောက်ကြာတယ်။

အပြင်ဘက်ထွက်လာတော့လည်း တော်တော်လေးထူးခြားပါတယ်။ နေတိုးဘက်စုံရပါတယ် တော်ပါတယ် သူက ဒီအချိန်မှာတော့ကျွန်တော်တို့ရဲ့ မြန်မာ့ ရုပ်ရှင်လောကမှာ အကောင်းဆုံး ဖြတ်သန်းနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ ဘက်စုံကောင်းပါတယ် တော်ပါတယ်။

Credit နာမည်ကြီး

LEAVE A REPLY

Please enter your comment!
Please enter your name here