ဒွေး နဲ့ ပတ်သက်ပြီး ပြောလာတဲ့ လွင်မိုး

0
2710

တိုင်းသိပြည်သိ နိုင်ငံကျော်မင်းသား လွင်မိုးနဲ့ ဒွေးကိုတော့ မြန်မာနိုင်ငံမှာ မသိတဲ့သူတော့ မရှိလောက်ပါဘူး။ တခေတ်တခါက ရုပ်ရှင်လောကမှာ ဘုရင်တဆူလိုနေခဲ့ကြတဲ့ သူတို့နှစ်ယောက်ကတော့ လက်ရှိမှာ ပရိသတ်တွေအတွက် ဖျော်ဖြေမှုလုပ်နိုင်တာတွေ နည်းသွားခဲ့ပါပြီ။ မင်းသားကြီး ဒွေးကတော့ ပရိသတ်တွေကို စောစီးစွာနှုတ်ဆက်သွားသလို မင်းသားလွင်မိုးကတော့ အနုပညာလောကထဲကနေ အနားယူနေတာ တော်တော်ကြာနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လွင်မိုးကတော့ မီဒီယာရှေ့ကိုတော့ ခဏခဏရောက်ပြီး သူ့ရဲ့ လှုပ်ရှားမှုလေးတွေ လူငယ်တွေအတွက် ဆုံးမ စကားတွေ ပြောနေကြပါ။ ယခုတခါမှာလည်း လွင်မိုးကတော့ ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေ ပြောကြားသွားတာကို Apannpyay ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

လွင်မိုးကတော့ အင်တာဗျူးတခုမှာ ကိုသားကြီး(ဒွေး) နဲ့ ပတ်သက်ပြီး “ကိုသားကြီးနဲ့ကခင်ပါတယ်။ ညီအစ်ကိုလိုပါပဲ။ သူငယ်ချင်းလိုပါပဲ။ ကျနော်တို့တုန်းက တကယ့်ကိုအိုက်တင်လုပ်တဲ့ အချိန်မှာတောင်မှ တယောက်ကို တယောက် တကယ်ဖိုက်ရတော့မယ့် အိုက်တင်တွေကိုတောင်မှ ညှိနှိုင်းပြီး လုပ်ခဲ့ကြတာပေါ့။ တယောက်ကိုတယောက် လိုအပ်ချက်တွေကို ပြောပြကြတယ်။ အဲ့လိုမျိုးပေါ့။ ဒါညီအစ်ကိုရင်းလို ဇာတ်ကားတကားကောင်းဖို့အတွက် လုပ်ခဲ့ကြတာတွေ ရှိပါတယ်။ ဒါတွေကတော့ အမှတ်တရတွေပေါ့”

“ပရိသတ်တွေကတော့ အစွဲနဲ့ လွင်မိုးနဲ့ ဒွေးဖိုက်တာကို ကြည့်ချင်ကြတာပေါ့။ ဒါပေမယ့်လည်း ကျနော်တို့စိတ်ထဲ မှာတော့အဲ့လိုတွေ မရှိပါဘူး။ ကားတကားမှာ ဘယ်လိုကောင်းအောင်လုပ်ရမလဲပေါ့ အဲ့လိုမျိုးပဲ စဉ်းစားပြီးတော့ ကြိုးစားခဲ့ကြတာပါ”

ခုခေတ်သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး “ဒါကတော့ ကိုယ်ချင်းစာရမှာပေါ့လေ။ ကိုယ်ကလည်း ဒီလောကထဲ ကလူတယောက်ဖြစ်နေတဲ့အတွက် နားလည်ပါတယ်။ အချိန်ကိုတော့ စောင့်ရပါမယ်။ ဒါပေမယ့်လည်း နောက်ကျနေတာကတော့ မကောင်းဘူးပေါ့။

တခါတလေမှာ နောက်ကျကျန်ခဲ့တာက ဘာမှမဖြစ်ပေမယ့် အမြဲတမ်းကြီးကတော့ မကောင်းဘူးပေါ့။ တချိန်ချိန်မှာ ဒီလိုနေရာမှာ တဦးတယောက်ကို အစားထိုးလိုက်ရလို့ ငါလက်လွတ်လိုက်ရပြီ ဆိုတဲ့ နောင်တကြီးကတော့ မကောင်းဘူးပေါ့လေ။ ကျနော်တို့တုန်းက ကြောက်ရမယ့် သူတွေရှိတာပေါ့။ အချိန်ကို ဂရုစိုက်ကြရတယ်။ အခူကတော့ သူတို့အနေနဲ့ ကြောက်ရမယ့်သူတွေ သိပ်မရှိဘူးလို့ ထင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ApannPyay

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here