အချစ်ရူး က မချစ်ဘူး လား မေး တယ် ကောင်မလေး က မချစ်ပါဘူးလို့ ပြောတော့ ဓါးနဲ့ထိုးသတဲ့

0
3949

စစ် ကိုင်းမြို့နယ်၊ပဲကတိုးကျေးရွာရှိ နိုးနိုးအမျိုးသမီးအဆောင်ရှေ့တွင် မချစ်ဘူးဟုပြောဆိုမှုဖြင့် ဓားထိုးမှု ယနေ့ ညနေ့ ၄နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရသည်။

စစ်ကိုင်းမြို့။ လေးကျွန်းမြေရပ်နေ မအိဖြူသည် နေအိမ်၌ ရှိနေစဉ် ညီမဝမ်းကွဲတော်စပ်သူ စစ်ကိုင်းမြို့နယ်၊ပေါက္ကားကျေးရွာနေ မသန္တာဦး (၁၈)နှစ် ဓါးထိုးခံရသဖြင့် စစ်ကိုင်းဆေးရုံရောက်ရှိနေကြောင်းသတင်းအရ သွားရောက်ကြည့်ရှု့ခဲ့ရာ ညီမဖြစ်သူမသန္တာဦး ယာဘက်ခါးတွင် ဒဏ်ရာများတွေ့ရှိ၍ မေးမြန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည် ။

ထိုသို့ မေးမြန်းရာ ညီမဝမ်းကွဲတော်စပ်သူ မသန္တာဦး သည် စစ်ကိုင်းမြို့နယ်၊ပဲကတိုးကျေးရွာရှိ စံရိပ်နန်း အမျိုးသမီးအဆောင်၌ရှိနေစဉ် တစ်ရွာတည်းနေ ရည်းစားဟောင်းဖြစ်သူ

ဖိုးသား (ခ)သက်ထွန်းဇော် (၂၀)နှစ် မှ ဖုန်းဆက်ပြီး နိုးနိုးအမျိုးသမီးအဆောင်ရှေ့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ရာ အဆောင်ရှေ့လမ်းမပေါ်တွင် ဖိုးသား (ခ)သက်ထွန်းဇော် မှ ချစ်လား မချစ်လားဟု မေးမြန်းရာ မချစ်ဘူးဟု ပြောဆိုသဖြင့် ၎င်းတွင် အသင့်ပါလာသော ဓါးဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း ပြောပြသိရှိရကြောင်း သိရသည်။

ညီမဝမ်းကွဲဖြစ်သူ မသန္တာဦးအား ဒဏ်ရာရရှိသူ ဓါးဖြင့်ထိုးသူ ဖိုးသား (ခ) သက်ထွန်းဇော် အပေါ် ဥပဒေအရ အရေးယူပေးရန် မအိဖြူမှ တရားလိုလုပ် တိုင်တန်းသဖြင် စစ်ကိုင်းမြို့မရဲစခန်းမှ (ပ)၆၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။ ။

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here