ဖခင်ရဲ့ အသက်ကို ကယ်ဖို့ တစ်ရက်ကို ထမင်း (၅) နပ် မဖြစ်မနေစားနေရတဲ့ (၁၁)နှစ်အရွယ် ကလေး

0
3374

တရုတ်နိုင်ငံမှာရှိတဲ့ လူရှီးခွမ် ဆိုတဲ့ကောင်ကလေးရဲ့အဖေဟာ ရိုးတွင်းခြင်ဆီနည်းပါးမှုကြောင့် ဆေးရုံရောက်ခဲ့တာ ၇နှစ်ကျော်ပါပြီ။

သူရဲ့ရောဂါကြောင့်ရိုးတွင်းခြင်ဆီအစားထိုးကုသမှုကို ခံယူဖို့လိုအပ်နေတဲ့အတွက် သူနဲ့ကိုက်ညီမယ့်ရိုးတွင်းခြင်ဆီကိုရဖို သူရဲ့မိသားစုဝင်တွေကို စစ်ဆေးတဲ့အခါမှာကိုက်ညီတဲ့သူက သားဖြစ်သူနဲ့သာကိုက်ညီမှုရှိခဲ့တာပါ။

ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့ဆိုရင် ကိုယ်အလေးချိန် ပေါင်၁၁၀ကျော်ရှိရမှာဖြစ်တာကြောင့်…အသက်၁၁နှစ်သာရှိသေးပြီး ကိုယ်အလေးချိန် ပေါင်၆၀ကျော်ဝန်းကျင်သာရှိသေးတယ် သူဟာကိုယ်အလေးချိန်တက်လာဖို့အပြင်းအထန်ကြိုးစားခဲ့တာပါ။

တရက်ကို ထမင်းအပြည့်အမောက်ထည့်ထားတဲ့ထမင်းတစ်ပန်းကန်နဲ့ ၀ိတ်တက်လာအောင်ကူညီပေးမယ့်ဟင်းတွေကို ငါးနပ်တိတိနေ့စဉ်စားလာခဲ့ပြီး အခုဆိုရင် ၈၆ပေါင်အထိကိုယ်အလေးချိန်တက်လာပြီလို့ဆိုပါတယ်။

ရုတ်တရက်ကြီးကိုယ်အလေးချိန်တက်လာတဲ့သူ့ကို ကျောင်းအတူတက်တဲ့အတန်းဖော်တွေက ၀က်လို့ခေါ်ပြီးစနောက်ခဲ့ကြပေမယ့် သူ့အဖေအကြောင်းကိုသိပြီးတဲ့နောက်ပိုင်းမှာ ဆက်လက်စနောက်တာမရှိတော့ပါဘူးတဲ့။

သူကတော့ အေးအေးဆေးဆေးပဲ ဖေဖေ့ကိုခွဲစိတ်ပေးဖို့ကအရင် ၀ိတ်ကနောက်မှချမယ်လို့ ပြုံးပြုံးလေးပဲ သတင်းမီဒီယာတွေကိုပြောပြပါတယ်။

သူတက်နေတဲ့ကျောင်းကနေပြီး ငွေကြေးကူညီထောက်ပံ့ပေးမယ့်အစီအစဉ်တွေလည်းပြုလုပ်နေပြီး သူ့အကြောင်းကိုမီဒီယာကနေတစ်ဆင့်ကြားသိရတဲ့သူတွေကတော့ ငယ်ရွယ်တဲ့အသက်အရွယ်မှာတောင်မှတာဝန်ယူမှုအပြည့်ရှိတဲ့ကလေးငယ်လေးလို့ ချီးကျူးခဲ့ကြပါတယ်။

Credit – updateနယူး

LEAVE A REPLY

Please enter your comment!
Please enter your name here